Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 71 — Surah An-Nahl 16:71

အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာနှင့်အခြားလိုအပ်များကို ဖြည့်ဆည်းပေးတော်မူရာ၌ အချို့ကို အချို့ထက် ကျေးဇူးတော်နှင့်ဂုဏ်သိက္ခာများဖြင့် အခွင့်အလမ်းများ ပိုမို ၍ ပေးအပ်တော်မူခဲ့၏။ သို့ရာတွင် (ထိုသို့ အခွင့်အလမ်းများပိုရခြင်းသည် အရှင်မြတ်ထံတော်မှ ဖြစ်သောကြောင့်) သူတို့သည် သူတို့အား စားနပ်ရိက္ခာဖြင့် ဂုဏ်သိက္ခာချီးမြှင့်တော်မူခြင်းခံရခြင်းနှင့်အညီ သူတို့ ၏လက်အောက်ငယ်သားများနှင့်ဩဇာခံ၊ အစေခံများကိုလည်း ထို (ရိက္ခာများနှင့်အခွင့်အလမ်းများ) ၌ သာတူညီမျှ တန်းတူရည်တူ ခံစားစေနိုင်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော်နှင့်သိက္ခာပေးမှု အစရှိသော) ကျေးဇူးတော်များအား ပစ်ပယ် (၍ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်လျှက် အခြားသော သက်ရှိသက်မဲ့များကို ကိုးကွယ်) နိုင်ကြမည်လော။