Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 72 — Surah An-Nahl 16:72

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ အနက်မှပင် သင်တို့အတွက် ဘဝဖော်များကို ဖြစ်ပေါ်စေတော်မူပြီ ထိုဘဝဖော်များမှ သင်တို့၏သာသမီးများနှင့်မြေးမြစ်များကို ထွန်းကားဖြစ်ပေါ်စေရုံသာမက သန့်ရှင်းစင်ကြယ်၍ကောင်းမွန်သောအရာများအနက်မှ (တရားတော်နှင့် အညီ) စားနပ်ရိက္ခာနှင့်အခြားလိုလပ်ချက်များကို တရားဝင်ခွင့်ပြုထောက်ပံ့တော်မူ၏။ သို့ပါလျက် သူတို့သည် အချည်းအနှီးသောမိစ္ဆာတရားကို သက်ဝင်ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော်နှင့် သိက္ခာပေးမှုအစရှိသော) ကျေးဇူးတော်များကို ငြင်းပယ် နိုင်ကြမည်လော။