Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 75 — Surah An-Nahl 16:75
အလ္လာဟ်အရှင်မြတ်သည် (စစ်မှန်သော လွတ်လပ်မှု၏သဘောသဘာဝကို နားလည်စေရန်အတွက် မတူ ညီသော ပုဂ္ဂိုလ်နှစ်ဦးအကြောင်းကို) ဥပမာတစ်ရပ်အဖြစ် ခိုင်းနှိုင်းတင်ပြတော်မူ၏။ (ယင်းဥပမာသည်ကား) ဩဇာခံလက်အောက်ငယ်သား အစေခံတစ်ဦးဖြစ်သောကြောင့် (ပိုင်ရှင်သူဌေး၏ခွင့်ပြုချက်ဖြင့်မှအပ သူ့ဆန္ဒအလျှောက်) မည်သည့်အရာအပေါ်၌မျှ စွမ်းဆောင်နိုင်သောအခွင့်အာဏာ မရှိသည့် ပုဂ္ဂိုလ်နှင့်ငါအရှင်မြတ်က ကောင်းမြတ်သော စားနပ်ရိက္ခာနှင့်လိုအပ်များကို (ပေါပေါသီသီ) ထောက်ပံ့ ဖြည့်ဆည်းတော်မူသောကြောင့် ထိုသူသည် ထိုရိက္ခာများအနက်မှ (ချို့တဲ့ဆင်းရဲသူများအား) သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ ပေးကမ်းစွန့်လှူသည့်ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် ထပ်တူထပ်မျှတူညီနိုင်ကြမည်လော။ ချီးမွမ်း ခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ရိက္ခာများထောက်ပံ့စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်ထန်တော်မူ၏။ သို့ရာတွင် လူသားအများစုမှာမူ (အရာခပ်သိမ်းသည် အရှင့်ဩဇာခံများဖြစ်ပြီး အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်း၏ပိုင်ရှင်အစစ်အမှန် ဖြစ်ကြောင်းကို) မသိနားမလည် ကြချေ။