Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 76 — Surah An-Nahl 16:76

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အခြား) အမျိုးသားနှစ်ဦးကိုလည်း ဥပမာတစ်ရပ်အဖြစ် (တင်စား၍) ခိုင်းနှိုင်းတင်ပြတော်မူ၏။ (ယင်းဥပမာသည်ကား) သူတို့နှစ်ဦးအနက် တစ်ဦးသည် ဆွံ့အသူ ဖြစ်ပေရာ သူ့အား မည်သည်နေရာသို့ (တာဝန်ယူဆောင်ရွက်ရန်) မျက်နှာမူဦးတည်ခြင်းခံရသည်ဖြစ်စေ၊ မည်သည့်ကောင်းကျိုးကို မျှ ဆောင်ကြဉ်းယူလာနိုင်စွမ်း မရှိသည့်အပြင် မည်သည့်တစ်စုံတစ်ရာကိုမျှ စွမ်း ဆောင်နိုင်စွမ်းလည်းမရှိသောကြောင့် သူ့သခင်အပေါ်၌ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေသောသူသည် (အခြားတစ်ဦးဖြစ်သည့် အစစအရာရာအား တည်တံ့မြဲမြံစေမည့်) ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်ပေါ်၌ ရပ် တည်သူဖြစ်ရုံသာမက ကိစ္စရပ်တိုင်းကိုလည်း တရားမျှတမှုပေါ်တွင် အခြေခံခြင်းဖြင့် (တာဝန်ကျေပွန်စွာဆောင်ရွက်ရန်) စီမံညွှန်ကြားသူတို့သည် ထပ်တူထပ် မျှတူညီနိုင်ကြမည်လော။