Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 77 — Surah An-Nahl 16:77

စင်စစ်သော်ကား၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ် အတွင်း၌ရှိသော မျက်ကွယ်ရာများသည် (အရှင် မြတ်က ဖွဲ့စည်းဖြစ်တည်စေသောအရာများဖြစ်သောကြောင့် ယင်းတို့နှင့်ပတ်သက်၍ အရှင်မြတ်သာ လျှင် အကြွင်းမဲ့ သိနေတော်မူရုံသာမက) အလ္လာဟ်အရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိတော်မူ၏။ ထို့ပြင် (ရှင်ပြန် ထမြောက်ရမည့်နောက်ဆုံး) အချိန်နာရီသည်လည်း မျက်စိတစ်မှိတ်ကဲ့သို့ သို့တည်း မဟုတ် ထိုထက်မက ပို၍ လျင်မြန်စွာ ဖြစ်စေတော်မူမည်သာ ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (နိယာမစည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။