Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 78 — Surah An-Nahl 16:78

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား သင်တို့၏မိခင်များ၏ဝမ်းကြာတိုက်မှ မည်သည့် တစ်စုံတစ်ရာကိုမျှ မသိသော အနေအထားဖြင့် မွေးဖွားသန့်စင် ထွက်ပေါ်စေတော်မူပြီးနောက် (အပြော အဆိုနှင့်လုပ်ရပ်များဖြင့် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာလျှက်) သင်တို့ကျေးဇူး သိတတ်ကြရန်အလို့ငှာ သင်တို့အတွက် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာစွမ်းရည်အပြင် စိတ်နှလုံးဆိုင်ရာ နားလည် ခံစားနိုင်သည့်စွမ်းရည်ကိုပါ ဖြစ်ပေါ်စေတော်မူ၏။