Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 80 — Surah An-Nahl 16:80
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ) သင်တို့အတွက် သင်တို့၏ အိမ်များကို အနားယူနေထိုင်ရာဌာနများအဖြစ် ပြုလုပ်ဖြစ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းတို့ဖြင့် သင်တို့က ပေါ့ပေါ့ပါးပါး ခရီးသွားလိုသည့်နေ့ရက်များနှင့်တဲထိုး၍ ယာယီစခန်းချသည့်နေ့ရက်များတွင်ပါ သင်တို့အတွက် ခြေလေးချောင်းတိရစ္ဆာန်များ၏သားရေများမှလည်း ရွက်ဖျင်တဲအိမ်များကို ပြုလုပ်စေတော်မူ၏။ ထိုမျှ မက ယင်း (တိရစ္ဆာန်) တို့၏သိုးမွေးများ သားမွေးများနှင့်အမွေးအမျှင်များဖြင့်လည်း ပရိဘောဂများနှင့်အချိန် ကာလအတိုင်းအတာတစ်ခုအထိ (တည်တံ့မည့်) လောကီအကျိုးခံစားဖွယ်ရာ အသုံးအဆောင်များကိုပါ ပြုလုပ်စေတော်မူ၏။