Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 81 — Surah An-Nahl 16:81

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် (မရေမတွက်နိုင်သော အရှင့်ကျေးဇူးတော်များအနက်မှ အရှင်မြတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများမှာ သင်တို့အတွက် အရိပ်အာဝါသများ ဖြစ်စေတော်မူရုံသာမက တောင်များအတွင်း၌လည်း သင်တို့အတွက် ခိုလှုံစရာများကို ဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့အကျိုးငှာ သင်တို့အား အပူ (အအေး) ဒဏ်မှ ကာကွယ်စေသော အဝတ်အစားများနှင့်အကြမ်းဖက်မှုကို ရင်ဆိုင်တိုက်ရာတွင် သင်တို့အား အကာအကွယ်ပေးမည့် အဝတ်တန်ဆာများကို ပြုလုပ်ဖန်တီးစေတော်မူ၏။ ထိုနည်းအတိုင်းပင် သင်တို့ (၏ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံ၍ အရှင့်အမိန့်တော်နှင့်အညီ) နာခံလိုက်နာ ကြအံ့သောငှာ (ကျမ်းတော်၊ လမ်းညွှန်တော်ကျေးဇူးတော်နှင့်လောကီခံစားပိုင်ခွင့်များစသော) အရှင့်ဂုဏ်ပေးမှုကို သင်တို့အ ပေါ်ဝယ် ပြီးပြည့်စုံတော်မူ၏။