Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 83 — Surah An-Nahl 16:83
(စင်စစ်သော်ကား) သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းညွှန်တော်၊ ကျမ်းတော်နှင့်ကျေးဇူးတော် အပြည့်အစုံဖြင့်) ဂုဏ်ပေးတော်မူခြင်းကို ကောင်းစွာသိနားလည် (၍ဝန်ခံကြ) ပြီးနောက် တစ်ဖန် သူတို့ သည် ယင်းကျေးဇူးတော်များကို ပစ်ပယ်ငြင်းပယ်ကြကုန်၏။ ထို့ပြင် သူတို့အနက် အများစုသည် (အမှန်တရားသစ္စာ ကို) မယုံကြည်ဖီဆန်ငြင်းပယ်နေကြ၏။