Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 86 — Surah An-Nahl 16:86

ထို့ပြင် (တမန်တော်များ သူတော်စင်များ ခေါင်းဆောင်များ ရုပ်တုဆင်းပွားများနှင့်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြသော သူတို့သည် သူတို့၏ထိုတွဲဖက် နှိုင်းယှဉ်သော ကိုးကွယ်ရာများနှင့်စပ်လျဉ်း၍ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်အရှင်မြတ်မှလွဲ၍ (အရှင့်ကို စွန့်လွှတ်လျှက်) ဤကျွန်ုပ်တို့၏ တွဲဖက်နှိုင်းယှဉ်ထားသောကိုးကွယ်ရာများကိုသာ ဟစ်ခေါ်တမ်းတ (ခြင်းဖြင့် ယင်းတို့ထံ၌သာလျှင် ဆုတောင်း ပန်ကြားကြ) ပါ၏။ (ယင်းကိုးကွယ်ရာများသည်ပင် ကျွန်ုပ်တို့အား လမ်းမှားရောက်စေခဲ့၏။)” ဟု ပြောဆိုကြလိမ့်မည်။ သို့ဖြစ်ပေရာ (အဆိုပါ ကိုးကွယ်ရာများသည် ယင်းတို့ကိုကိုးကွယ်ခဲ့ကြသော) သူတို့၏ထိုပြောဆို ကြွေးကြော်ချက်များအား ''ဧကန်ပင်၊ သင်တို့သည် လိမ်လည်လှည့်စားနေကြသော မုသာဝါဒီများပင် ဖြစ်ကြ၏။'' ဟု ပြောဆိုလျှက် သူတို့ဘက်သို့ပင် လွှဲပစ်တွန်းကန်စေလိမ့်မည်။