Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 89 — Surah An-Nahl 16:89
တစ်ဖန် (ထိုတမလွန်တရာစီမည့်နေ့တွင်) ငါအရှင်မြတ်သည် (လောကီဘဝ၌ ဘာသာသာသနာ အသီး သီးကို ယုံကြည်ကိုးကွယ်ကြသည့်) လူမျိုးအသိုင်းအဝိုင်းတိုင်းအတွင်းရှိ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အ သုံးချနိုင်သော စိတ်ဝိဉာဉ်) များအနက်မှ သူ့တိုအပေါ် သက်သေတစ်ဦးစီကို ပေါ်ထွက်စေတော်မူမည်။ ထို့ပြင် ငါအရှင် မြတ်သည် ဤသူတို့အပေါ် (အသင်တမန်တော်အား စေလွှတ်တော်မူခဲ့ကြောင်းကို) သက် သေတစ်ဦးအဖြစ် (သက်သေထွက် ဆိုစေရန်အတွက်) အသင့်ကို ဆင့်ခေါ်တော်မူမည် ထို့ပြင် ငါအရှင်မြတ်သည် အသင့်အပေါ် အရာခပ်သိမ်း (၏ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ သဘောသဘာဝ အရည်အသွေးနှင့်ဖြစ်တည်ရသည့် ရည်ရွယ်ချက်တို့ကို သိနားလည် နိုင်ရန်) အတွက် မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်သက်သေအထောက်အထားများ ပါဝင်သည့်ကျမ်းတော်လည်းဖြစ် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်အမိန့်တော်ကို နာခံလိုက်နာလျှက် ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်တို့အတွက် လမ်းညွှန်တော်၊ ကရုဏာတော်နှင့်ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း လည်းဖြစ်သော ကျမ်းတော် (မြတ်ကုရ်အာန်) ကို ချမှတ်ပေးအပ်တော်မူ၏။