Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 9 — Surah An-Nahl 16:9
စင်စစ်သော်ကား (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ချီးမြှင့်တော်မူသည့်အတွက် ဘဝ တည်ဆောက်ရေးလမ်းစဉ်အမျိးမျိုးကို ကြံဆတီထွင်ကြရာ) ထိုလမ်းစဉ်များတွင် (ယင်းတို့နှင့်အညီ ဘဝဆောက်တည်ခြင်းဖြင့် အစွန်းရောက်ပြီး လမ်းမှားရောက်စေသည့်) ကွေ့ကောက်မှုများလည်းရှိသောကြောင့် (အစွန်းမရောက်ဘဲ ပန်းတိုင်အရောက်ဦးတည်စေရန် လမ်းညွှန်များပါရှိသော) အလ္လာဟ်အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်အပေါ်၌သာ အခြေခံ၍ ဘဝတည်ဆောက်ရာ၏။ သို့ရာတွင် အကယ်၍သာ အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို ဧကန်မုချပင်၊ တရားလမ်းမှန် ညွှန်ပြတော်မူနိုင်၏။