Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 90 — Surah An-Nahl 16:90

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (ကိစ္စရပ်တိုင်းအတွက်) တရားမှုမျှတနှင့်အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံခြင်း) နှင့်စပ်လျဉ်း၍လည်းကောင်း၊ အနီးစပ်ဆုံးသော ဆွေမျိုးအသိုင်း အဝိုင်းတို့ကို (ရက်ရောဖြူစင်စွာ) ပေးကမ်းစွန့်လှူကြရန် လည်းကောင်း၊ မဖွယ်မရာမှုများ (နှင့် စက်ဆုပ်ရွံ့ ရှာဖွယ်ရာများ၊ (ကျမ်းတော်၊ အမှန်တရားသစ္စာနှင့်ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အား အာခံဖီဆန်စေသော) ကောက် ကျစ်စဉ်းလဲမှုများ၊ (မကောင်းမှုဒုစရိုက်များ၊ မတရားညှင်းပန်းနိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများစသော) မသတီစရာ ယုတ်မာသောအပြုအမူများအား တားမြစ်ပိတ်ပင်ရန်လည်းကောင်း၊ သင်တို့က (အရှင့်အမိန့်ပညတ် ချက်များကို သတိရ တသ၍ ထုတ်ဖော်နိုင်ရန်နှင့်အလေးအနက် ထားလျှက် သတိမူ သုံးသပ်နိုင်ရန်အလို့ငှာ (ထပ်ကာ ထပ်ကာ) အလေးအနက်တိုက် တွန်းသွန်သင်တော်မူ၏။