Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 91 — Surah An-Nahl 16:91

ထို့ပြင် သင်တို့သည် (သင်တိုအချင်းချင်းကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ကတိပဋိညာဉ်ကို ပြီးမြောက်ကျေပွန်အောင် ဆောင်ရွက်ကြလော့။ သို့သော် သင်တို့သည် ကတိကဝတ်များနှင့်ကျိန်ဆိုချက်များကို အခိုင်အမာ သဘောတူဝန်ခံပြီးနောက် မဖောက်ဖျက်ကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့သည် (အရှင့်အမိန့်တော်နှင့်အညီ ပြုမူနေကြောင်းဝန်ခံလျှက်) အလ္လာဟ်အရှင်မြတ်အား သင်တို့အပေါ်၌ အာမခံသောအရှင်မြတ်အဖြစ် ပြုလုပ်မှတ်ယူခဲ့ကြပြီ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို (အ ကြွင်းမဲ့) သိနေတော်မူပေ၏။