Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 92 — Surah An-Nahl 16:92

ထို့ပြင် သင်တို့သည် ချည်မျှင်များကို ကောင်းမွန်စွာ ချည်ငင်၍ (ကြိုးအဖြစ် အခိုင်အမာ ကျစ်ခဲ့ပြီးနောက် သူမ၏အဆိုပါ လုံလစိုက်မှုကို သူမကိုယ်တိုင် သစ္စာဖောက်လျှက် ချည်မျှင်အနေအထားသို့ ပြန်ရောက်စေရန်) အပိုင်းပိုင်းဖျက်ဆီးခဲ့သူကဲ့သို့ လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုက အခြားလူ့ဘောင်အသိုင်းအဝိုင်းထက် (ဩဇာအာ ဏာနှင့်စည်းစိမ်ချမ်းသာ) ပိုမို၍ တိုးတက်ကြီးပွားလာရန်အလို့ငှာ သင်တို့အချင်းချင်းကြားတွင် သင်တို့၏ကတိ ကဝတ်နှင့်ကျိန်ဆိုမှုများအား လိမ်လည်လှည့်ဖြားလိုသောဆန္ဒဖြင့် သဘောတူဝန်ခံ၍ သစ္စာမဆိုကြလေနှင့်။ စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သည် ထို (ဩဇာအာဏာ နှင့်စည်းစိမ်ချမ်းသာ) ဖြင့် သင်တို့အား စမ်းသပ် တော်မူခြင်းမျှသာ ဖြစ်၏။ ထို့ပြင် ထိုအရှင်မြတ်သည် (နောင်တမလွန်ဘဝ) ရှင်ပြန်ထမြောက်မည့်နေ့တွင် အသင်တို့ (အနက် မည်သူက သစ္စာရှိပြီး မည်သူက သစ္စာဖောက်ခဲ့သည်ကို ငြင်းခုံလျှက်) သဘောထားကွဲလွဲ နေကြသည်ကို သင်တိုအား အမှန်ပင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရှင်းလင်းစေတော်မူမည်။