Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 93 — Surah An-Nahl 16:93
စင်စစ်မူကား၊ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် အမှန်ပင် သင်တို့အား (တစ်ခုတည်းသော ဘာသာတရားအား သက်ဝင်ယုံကြည်သော) လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုတည်းအဖြစ် ဖြစ်စေတော်မူနိုင်၏။ သို့ရာတွင် အရှင်မြတ်သည် (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်လည်း ပေးထားတော်မူသည့်အတွက် လူသား၏ဆန္ဒများနှင့်အညီ) အလိုရှိ တော်မူသောသူအား လမ်းမှားအတိုင်းလျှောက်လှမ်းရန် ခွင့်ပြုထားတော်မူပြီး အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် သင်တို့ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ ဧကန်မုချပင် စစ်ဆေးမေး မြန်းခြင်းကို ခံကြရပေမည်။