Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 94 — Surah An-Nahl 16:94

ထို့ပြင် သင်တို့အချင်းချင်းကြားတွင် သင်တို့၏ကတိကဝတ်နှင့်ကျိန်ဆိုမှုများအား လိမ်လည်လှည့်ဖြားလို သောဆန္ဒဖြင့် (ပရိယာယ်သုံး၍ သဘောတူဝန်ခံလျှက်) သစ္စာမဆိုကြလေနှင့်။ ထိုသို့ပြုလုပ်လျှင် (ပြု လုပ်သူ ကာယကံရှင်သာမက အခြားယုံကြည်မှုခိုင်မြဲသူတို့၏) ခြေများသည်ပင် မြဲမြံစွာ အခြေခိုင်ပြီးနောက်တွင်မှ တစ်ဖန် ချွတ်ချော်တိမ်းပါး သွားပေလိမ့်မည်။ ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်မှ ပိတ်ပင်တား ဆီးခဲ့ခြင်းကြောင့် (လောကီဘဝ၌) ဘေးဒုက္ခအခက်အခဲများကို (အကျိုးဆက်အဖြစ်) မြည်းစမ်းကြရပေလိမ့် မည်ဖြစ်ပြီး (တမလွန်ဘဝ၌လည်း) သင်တို့အတွက် ကြီးမားပြင်း ထန်သောပြစ်ဒဏ် ရှိနေ၏။