Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Isra 17:1
ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များမှ (အချို့ကို) ပြသတော်မူရန်အလို့ငှာ ညတစ်ည၌ အရှင့်အစေခံ (တမန်တော်မုဟမ္မဒ်) အား ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ယင်း၏ပတ်ဝန်း ကျင်၌ သုခချမ်းသာမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံ၍ အလွန်ဝေးကွာသော အရပ်၌ရှိသည့် ဗလီဝတ်ကျောင်းတော်သို့ ခရီးထွက်စေတော်မူသောအရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့အရှင်၊ ဖြစ်တော်မူကြောင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူကြောင်း၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်းနှင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်စေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။