Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 101 — Surah Al-Isra 17:101

ထို့ပြင် ငါအရှင်မြတသည် (တမန်တော်) မူဆာအား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်း လင်းချက်များပါဝင်သည့် အာယသ်သက်သေလက္ခတော် ကိုးပါးကို ချမှတ်ပေးအပ်တော်မူခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ တမန်တော်မူဆာက (အစ္စရေးမျိုးနွယ်ဝင်များကို ကျွန်ဘဝမှ လွတ်မြောက်စေရန်အတွက် ထိုသို့သော သက်သေလက္ခဏာတော်များနှင့်အတူ) သူတို့ထံ ရောက်ရှိလာခဲ့စဥ်က (ဖြစ်ပျက်ခဲ့သည့် ဖြစ် ရပ်မှန်) အကြောင်းကို အစ္စရေးမျိုးနွယ်ဝင်တို့အား မေးမြန်းလော့။ ထိုစဉ် ဖါရိုမင်းဆက်က “အို၊ မူဆာ၊ ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား မှော်ပညာဖြင့် ညှို့ဖမ်းစားခြင်းခံရသူအဖြစ် ထင်မြင်ယူဆသည်။”ဟု ပြောဆိုခဲ့လေ၏။