Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 104 — Surah Al-Isra 17:104

ထို့ပြင် ငါအရှင်မြတ်သည် ဖါရိုမင်းဆက် (နှင့်အပေါင်းအပါတို့ကို ထိုသို့ နှစ်မြှုပ်တော်မူပြီး) နောက်တွင် အစ္စရေးမျိုးနွယ်ဝင်တို့အား “သင်တို့သည် (ငါအရှင်က ဝင်ရောက်ရန် ညွှန်ကြားတော်မူသည့် နယ်မြေဒေ သတည်ရှိရာ) ဤကမ္ဘာမြေဝယ် (လုံခြုံစိတ်ချစွာ အခိုင်အမာ) အခြေချနေထိုင်ကြလော့။ သို့ရာတွင် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ (ကတိတော်ကို ဖြည့်ဆည်းစေတော်မူရန် အမိန့်စီရင်ချက်ချမှတ်တော်မူမည့်) အချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ ငါအရှင်မြတ်သည် သင်တို့အားလုံးကို (မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်) မတူကွဲပြားသော နိုင်ငံများ၌ ရောနှောပေါင်းစည်းစေရန် လာရောက်စေတော်မူလိမ့်မည်။” ဟု မိန့်ကြားတော် မူ၏။