Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 106 — Surah Al-Isra 17:106

ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို (အခြေအနေနှင့်အချိန်အခါပေါ်မူတည်၍ လိုအပ် ချက်များကို ဖြည့်ဆည်းတော်မူသည့်အနေဖြင့် နေရာကာလ အပိုင်းအခြားအလိုက် အလွယ်တကူနားလည် အောင် အလီလီအဖန်ဖန် ရှင်းလင်းတင်ပြလျက်) အစဉ်အမြဲတည်တံ့မည့် နည်းစနစ်အဖြစ် လူတို့ရှေ့ဝယ် ရွတ်ဖတ်သရဇ္ဈာယ်၍ ပို့ချပေးနိုင်ရန် (နှင့်ဆင်ခြင် ချိန်ဆ၍ နာယူမှတ်သားနိုင်ရန်) ဖြည်းဖြည်းချင်း ဆိုင်းကာ ဆိုင်းကာ ပိုင်းခြားစွာဖြင့် ချမှတ်ပေးအပ်တော်မူပြီး ငါအရှင်မြတ်သည်ပင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို (အချိန်အခါနှင့်အခြေအနေအတွက် အပြီးပြည့်စုံဆုံးနှင့်အကောင်းဆုံး ရည်ရွယ်ချက် ကိုယ်စီဖြင့်) အလီလီ အဆက်ဆက် ချမှတ်တော်မူသော အမိန့်ထုတ်ပြန်ချက်အဖြစ် ချမှတ်ပေးအပ်တော်မူ၏။