Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 107 — Surah Al-Isra 17:107

(သူတို့အား) ဟောပြောလော့။ အသင်တို့သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို ယုံကြည်ကြသည် ဖြစ်စေ၊ သို့မဟုတ် မယုံကြည်ကြသည်ဖြစ်စေ၊ (အကြောင်းမထူးပေ သင်တို့၏ယုံကြည်မှုကြောင့် ပိုမို၍ ပြည့်စုံစရာမရှိပေ။ မယုံကြည်မှုကြောင့်လည်း ပြောင်းလဲစရာမရှိပေ။) ဧကန်စင်စစ်၊ ထိုကျမ်းတော်မတိုင်မီ ယခင်က (ချမှတ်ပေးခဲ့သော ကျမ်းတော်အမှန်တရားနှင့်သွန်သင်မှုများကို လိုက်နာစေသည့်) ပညာအလင်း ချီးမြှင့်ပေးအပ်တော်မူခြင်း ခံရသောသူတို့သည် သူတို့ရှေ့ဝယ် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားလေသောအခါ သူတို့သည် မျက်နှာအောက်ချလျက် ပျပ်ဝပ်ဦးချကြ၏။