Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 110 — Surah Al-Isra 17:110

(အို၊ ရစူလ်တမန်တော်) ဟောပြောလော့။ အသင်တို့သည် (သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော တစ်ဆူးတည်းတည်ရှိနေတော်မူသည့် အရှင်မြတ်ကို) “အလ္လာဟ်အရှင်” ဟု သတိရ တသ၍ ခေါ်ကြလော့။ သို့တည်းမဟုတ် (အားလုံးအပေါ် အစဉ် သနာညှာတော်မူသော အကြင်နာရှင်) “ရဟ်မာန်” ဟု သတိရ တသ၍ ခေါ်ကြလော့။ ထိုအရှင်မြတ်သည် သတိရ တသစရာ အမြင့်မြတ်ဆုံးနှင့်အကောင်းဆုံး ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်တော်မူသောကြောင့် (ထိုဂုဏ်တော်နာမတော်များအနက်မှ) မည်သည့် နာမတော်အားဖြစ်စေ၊ သတိရ တသ၍ ခေါ်နိုင်ကြ၏။ ထို့ပြင် (အို၊ နဗီတမန်တော်) အသင်သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ရာတွင်၊ အသံကို မြင့်လွန်းကျယ်လွန်းခြင်း မဖြစ်စေနှင့်။ နိမ့်လွန်းတိုးလွန်း ခြင်းလည်း မဖြစ်စေနှင့်။ ထို (အသံအနေအထား) နှစ်ခု ကြား (ရှိ အ လယ်အလတ်နည်းလမ်း) ကို ရှာဖွေလော့။