Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 111 — Surah Al-Isra 17:111

ထို့ပြင် ကြွေးကြော်ဟောပြောလော့။ ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (သက်ရှိသက် မဲ့အပါအဝင်) စကြဝဠာခပ်သိမ်းကုန်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ (ပြီး ယင်းတို့၏တည်တံ့ရေးအတွက် လို အပ်ချက်များကိုလည်း စည်းမျဉ်းနိယာမတော်များနှင့်ပေးအပ်ထားတော်မူ) သောအလ္လာဟ်အရှင်မြတ် (မျိုးပွားမှုဆိုင်ရာနိယာမ များကို ဖြစ်စေတော်မူသော်လည်း) အရှင့်အတွက် မည်သည့် သားသမီး (ရုပ်ပွား ဆင်းတုနှင့်အမွေဆက်ခံသူ) ကိုမျှ ဖြစ်စေတော်မမူသောအရှင်မြတ်၊ (စကြဝဠာအပေါင်းနှင့်လောကခပ်သိမ်းတို့ကို) စိုးမိုးအုပ်ချူပ်ရာတွင် မည်သည့် လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအဖော်၊ တွဲဖော်တွဲဖက်ကိုမျှ အရှင်မြတ်အတွက် အလိုရှိတော်မမူသော အရှင်မြတ်၊ အရှင်မြတ်အတွက် မည်သည့်ကာကွယ်စောင့်ရှောက်သူကိုမျှ အလိုရှိတော်မမူသောအရှင်မြတ်၊ အားနည်းမှု၊ ချို့တဲ့မှု၊ မပြည့်စုံမှု၊ မတည်တံ့မှုနှင့်မမြဲမြံမှု ဟူသမျှမှ လုံးဝ ကင်းရှင်းတော်မူသော အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူပြီး ထိုအရှင်မြတ်သည် အရှင့်ဂုဏ်တော်များကို (လူ့ဉာဏ်ရည် မမီနိုင်လောက်အောင်) လောကခပ်သိမ်း အရာခပ်သိမ်းတို့ထက် အ မြင့်မြတ်ဆုံး၊ အကြီးကဲဆုံးနှင့်ခံ့ညားထည်ဝါမှုအမြင့်မားဆုံး ဖြစ်စေတော်မူကြောင်းကို (ဖြူစင်စွာ ယုံကြည်လက်ခံလျက်) ဂုဏ်တင်၍ ချီးမွမ်းထောမနာပြုကြလော့။