Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Isra 17:12

ထို့ပြင် (လူသား၏ဘဝ၌ နေ့နှင့်ည၊ လမ်းမှန်နှင့်လမ်းမှား၊ အလင်းနှင့်အမှောင်များ ရှိသကဲ့သို့ လောက၌လည်း) ငါအရှင်မြတ်သည် ညနှင့်နေ့ကို (အရှင်မြတ်၏တန်ခိုးတော် ဉာဏ်တော်အနန္တ၊ ကျေးဇူးတော်နှင့်အ ခြုပ်အချာအာဏာဆိုင်ရာ အမှန်တရားများ ထင်ရှားစေသည့်) အာယသ်သက်သေလက္ခဏာတော်နှစ်ရပ်အဖြစ် ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှဖြစ်သော (မြေပေါ်မြေအောက် သယံဇာတများ စွမ်းအင်များ၊ ရိက္ခာ နှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များစသော) ကျေးဇူးတော်များကို ဆည်းပူးရှာဖွေနိုင်ကြရန်နှင့် နေ့၊ ရက်၊ လ၊ နှစ်များကို ရေတွက်၍တွက်ချက်မှုများကို သိနားလည်နိုင်ရန်အလို့ငှာ ည၏သက်သေလက္ခဏာကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား မြင်သာထင်ရှားစေတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (အရှင့်ကျေးဇူးတော်များဖြစ်သော) အရာခပ်သိမ်းတို့ကို အသေးစိတ်ရှင်းလင်း ဖော်ပြတော်မူ၏။