Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Isra 17:15

မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆိုလမ်းမှားကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် လမ်းမှားလိုက်ခြင်းသည် ယင်း(နဖ်စ်)အပေါ်၌သာ တာဝန်ရှိ၏။ အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်အတိုင်းဘဝ ဆောက်တည်စေရန် သတိပေးနှိုးဆော်သော) ရစူလ်တမန်တော်တစ်ပါးပါးအား ပွင့်ပေါ်စေလွှတ်တော်မမူသမျှ ကာလပတ်လုံး (မည်သည့်ပုဂ္ဂိုလ် မည်သည့်လူ့အသိုင်း အဝိုင်းကိုမျှ သူတို့၏မကောင်းမှုဒုစရိုက်ကျူးလွန်မှုအ တွက်) ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။