Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Isra 17:23

အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ထိုအရှင်တစ်ဆူတည်းကို ယုံကြည်ကိုးကွယ်ခြင်းမှအပ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ရန်လည်း ကောင်း၊ အကယ်၍ မိဘနှစ်ပါးအနက် တစ်ဦးဦးက သို့မဟုတ် နှစ်ဦးစလုံးသည် အသင်၏ရှေ့မှောက်တွင် အိုမင်းရင့် ရော်အရွယ်ရောက်သော် ထိုမိဘနှစ်ပါးအား အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံး ပြုမူကျင့်ကြံလိုသော ဆန္ဒရှိ လျက်) အကောင်းဆုံးဖြစ်အောင် ပြုစုရန်လည်းကောင်း၊ (သူတို့က သူ ငယ်ပြန်၍ သင်မကြိုက်နှစ်သော အပြုအမူနှင့်ကြုံတွေ့သည့်အခါ သူတိုအား) “အိုး” ဟု (မနှစ်သက်ကြောင်း ပေါ်လွင်စေသည့် အာမေဍိတ် အသံဖြင့်) တုံ့ပြန်ပြောဆိုခြင်း မပြုရန်လည်းကောင်း၊ သူတို့အား (သည်းမခံနိုင်မှုနှင့်ညည်းညူမှုကို ထင်ရှားစေသည့်အနေဖြင့်)’ ငေါက်ငမ်းတွန်းကန်ပြောဆိုဆက်ဆံမှုမျိုး မပြုလုပ်ရန်လည်း ကောင်း သူတို့အား ယဉ်ကျေးသိမ်မွေ့ရည် မွန်သော အပြောအဆိုများဖြင့် ပြောဆိုဆက်ဆံရန်လည်းကောင်း၊ အရှင့်စီရင်ချက်ကို ပြဌာန်းတော်မူ၏။