Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Isra 17:25

သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (မိဘများအား ပြုစုလိုစိတ်ရှိမရှိကိုလည်း ကောင်း၊ ကောင်းမှုပြုလိုစိတ်ရှိ၊ မရှိကိုလည်းကောင်း) ရှိသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူများဖြစ်လျှင် (သူတော်စင်များဖြစ်လာမည်ဖြစ်ရာ) ဧကန်ပင်၊ ထိုအရှင်မြတ်သည်လည်း (သင်တို့၏အတွေးများနှင့်လုပ်ရပ်များဖြင့် ဝန်ချတောင်းပန်လျက် အရှင်မြတ်ထံ) မကြာခဏလှည့်၍ ပန်ကြားသူတို့အတွက် အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။