Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 29 — Surah Al-Isra 17:29

ထိုမှတပါး အသင်သည် သင့်လက်ကို သင့်လည်ကုပ်ဘက်သို့ (ဆန့်တန်း၍ စေးနှဲတွန့်တိုလျှက် ကိုယ်ကျိုးကိုသာ ဦးစားပေးခြင်းဖြင့်) တုပ်နှောင်မထားလေနှင့်။ တစ်ဖန် ပြစ်တင်ရှုတ်ချမှုခံရသူအဖြစ် မွဲတေ၍ ဒေဝါလီခံရသည်အထိ အားလုံးကို စွန့်လှူခြင်းဖြင့် လက်မှိုင်ချထိုင်နေရရန်လည်း သင့်လက်အား ဆန့်တန်းစေလျက် လက်ဖွာ ခြင်း မပြုလေနှင့်။