Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 30 — Surah Al-Isra 17:30
ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်၊ အတိုင်းအတာဖြင့်သာ ပေးသနားတော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားများ (၏အခြေအနေ) နှင့်ပတ်သက်၍ အသေးစိတ်ကို သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။