Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Isra 17:33

ထို့ပြင် အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်ခြင်းမှအပ သင်တို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်ကိုမျှ သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆိုသည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား သတ်ဖြတ်သူ၏သတ်ဖြတ်ခြင်းကိုခံရလျှင် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သူအသတ်ခံရခြင်းအတွက် လက်တုံ့ပြန်ရန် သို့မဟုတ် လျှော်ကြေးတောင်းခံရန် သို့မဟုတ် တရားခံအား ခွင့်လွှတ်ရန် ပြောရေးဆိုခွင့်ရှိသူအဖြစ်) သူ၏အမွေစားအမွေခံအား အခွင့်အာဏာရှိသူ ဖြစ်စေတော်မူ၏။ သို့ရာတွင် ယင်းအမွေ စားအမွေခံသည် သတ်ဖြတ်ခံရသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ စည်းဘောင်ကျူးလွန်လျက် အလွဲသုံးစားမပြုကြလေနှင့်။ ဧကန်ပင်၊ ထိုသူသည် (အရှင်မြတ်၏အမိန့်ဥပဒေဆိုင်ရာ ကျင့်ထုံးနှင့်လုံလောက်သော ထောက်ခံမှုဖြင့်) ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်၏။