Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Isra 17:4

စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်တို့ထံ (ချမှတ်ပေးအပ်တော်မူခဲ့သော တောင်ရာတ်) ကျမ်းတော်၌ (ကျမ်းတော်နှင့်အညီ နာခံလိုက်နာခြင်းမရှိခြင်းနှင့်ကျေးဇူးကန်းခြင်းတို့၏အကျိုးဆက်အဖြစ်) သင်တို့သည် ဧကန်ပင်၊ မြေကမ္ဘာ (တိုင်းပြည်) ၌ အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ကြပြီး (မာန်မာနထောင်လွှားမှုတွင် ဘဝင်ခိုက်လျက်) သင်တို့သည် ခွင့်မလွတ်နိုင်အောင် ကြီးမားသော ပမာမခန့်မှုကို ဧကန်မလွဲ၊ ပြုမူကျူးလွန်ကြပေမည်။” ဟု အမိန့်တော်စီရင်ချက်ကို ထုတ်ပြန်ကြေညာတော်မူခဲ့၏။