Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 40 — Surah Al-Isra 17:40
(အို၊ မယုံကြည်သူတို့) အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင် မြတ်သည် သင်တို့အတွက် သားယောကျာ်းများကို ဦးစားပေးချီးမြှင့်တော်မူခြင်းဖြင့် သင်တို့ကို သီးသန့် ဂုဏ်ပေး၍ ရွေးချယ်တော်မူပြီး အရှင်မြတ်ကိုယ်တော်အတွက်မူ (သင်တို့က အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ စွပ်စွဲသကဲ့သို့) မလာအီကာစေတမန်များအနက်မှ သမီးမိန်းကလေးများကို ရယူလိုမည်လော။ ဧကန်ပင်၊ သင်တို့သည် (အရှင့်ဂုဏ်တော်များကို မထီမဲ့မြင်ပြုလျက်) အလွန့်အလွန် ဆိုးရွားသော အပြောအဆိုများကို အမှန်ပင် ပြောဆိုနေကြ၏။