Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 42 — Surah Al-Isra 17:42

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သူတို့ စွပ်စွဲပြောဆိုနေကြသည့်အတိုင်း ထိုအရှင်မြတ်ထံတော်၌ အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း ရှိခဲ့လျှင် ဧကန်ပင်၊ ယင်းတို့သည် (စကြဝဠာအတွင်းရှိ နိယာမတရားများ၊ နေ့ညအပြောင်းအလဲများ၊ သက်ရှိတို့၏သေခြင်းရှင်ခြင်းတို့ကို ဖြစ်စေနိုင်သော တန်ခိုးအာဏာ) အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ထံတော်သို့ (သွားရောက်တိုက် ခိုက်ရန်) နည်းလမ်းရှာ ဖွေခဲ့ကြလိမ့်မည်ဖြစ်၏။