Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Isra 17:46

ထို့ပြင် ငါအရှင်မြတ်သည် (မကောင်းသောအ​ကြံအစည်များ မှားယွင်းသောလုပ်ရပ်များနှင့် မောက်မာမှုတို့ဖြင့် ကုရ်အာန်ကျမ်းတော်မြတ်ကို နားလည်နိုင်စွမ်း လက်လွတ်စေသောကြောင့်) သူတို့၏စိတ်နှလုံးများပေါ်၌ အဖုံးအကာများ ဖြစ်ပေါ်စေတော်မူ၏။ သူတို့၏နားများ၌လည်း (အမှန်တရားကို ကြားနာလိုစိတ် မရှိခြင်း ကြောင့်) နားလေးနားထိုင်းခြင်းကို ဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် အသင်သည် (သူတို့အား) သင့်အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်၌ “ထိုအရှင်မြတ်သည် တစ်ဆူတည်းသာဖြစ်ကြောင်း ဖော်ပြထားတော်မူခြင်းကို သတိရ တသရန် ထုတ်ဖော်ဟောကြားသည့်အခါ သူတို့သည် ယင်းကိုမနှစ်မြှို့ကြောင်း ထင်ရှားစေသည့်အသွင်ဖြင့် နောက်ကျောဘက်သို့ ကျောခိုင်း၍ လှည့်ပြန် ကြလေ ၏။