Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 5 — Surah Al-Isra 17:5
သို့ဖြစ်ပေရာ (ကျမ်းတော်နှင့်အညီ မကျင့်ကြံခြင်း၏အကျိုးအဖြစ် ကတိထားတော်မူသည့်) ထိုကတိ တော်နှစ်ခုအနက်မှ ပထမကတိတော်ကို ဖြည့်ဆည်းပေးတော်မူချိန် ဆိုက်ရောက်လာသည့်အခါ ငါအရှင်မြတ်သည် (သင်တို့အားဒဏ်ခတ်အရေးယူတော်မူရန်) သင်တို့အပေါ်ဝယ် (သင်တို့အားတော်လှန်မည့်) ငါအရှင် မြတ်၏အစေခံများအနက်မှဖြစ်သော တိုက်ရည်ခိုက်ရည် အလွန်ကြီးမားပြင်းထန်သည့် စစ်တပ်ကို ပေါ်ထွက်စေ၍ စေလွှတ်မူခဲ့ရာ သူတို့သည် သင်တို့၏မြို့ရွာအိုးအိမ်များအတွင်းသို့ တိုးဖောက်ဝင်ရောက်၍ လှန်လှော မွှေနှောက်လျက် (ရစရာမရှိအောင် ရုပ်ပျက်ဆင်းပျက်) ဖျက်ဆီးခဲ့ကြလေ၏။ ထိုအ ဖြစ်အပျက်သည် ပြီးမြောက်အောင် ဆောင်ရွက်စေတော်မူခြင်းခံရသည့် ကတိတော်ပင် ဖြစ်၏။