Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 51 — Surah Al-Isra 17:51

သို့တည်းမဟုတ် သင်တို့၏စိတ်နှလုံး၌ (သက်ရှိ ဖြစ်နိုင်စရာမရှိသော) အလွန်ကြီးကျယ်လှသည်။” ဟု ထင်မြင်ယူဆသည့် ဖွဲ့စည်းဖြစ်တည်မှု တစ်စုံတစ်ရာ ဖြစ်လျှင်လည်း။ (ယင်းတို့အားလုံးသည် ဆွေးမြေ့၍ အမှုန် သို့မဟုတ် အစိုင်အခဲ ဖြစ်လျှင်ပင် ပြန်လည် ရှင်စေတော်မူမည်။) ထို့နောက် သူတို့က “မည်သူသည် ကျွန်ုပ်တို့အား ရှင်ပြန်ထစေမည်နည်း။”ဟု မေးမြန်းကြလိမ့်မည် (အို၊ ရစူလ်တမန်တော် သူတို့အား) သင်တို့အား ပထမဆုံး အကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည်ပင်လျှင် (ရှင်ပြန်ထစေတော်မူ၏။) ဟု ဖြေကြားလော့။ ထိုအခါ သူတို့သည် သင့်ရှေ့ဝယ် သူတို့၏ဦးခေါင်းများကို (အံ့သြစွာ) ခါလှုပ်၍ ထိုသို့ရှင်ပြန်ထစေခြင်းသည် မည်သည့်အခါ၌ ဖြစ်မည်နည်းဟု မေးကြလိမ့်မည်။ (သူတို့အား) ထို (အချိန်) သည် နီးကပ်ကောင်းနီးကပ်နိုင်၏။” ဟု ပြောဆိုဖြေကြားလော့။