Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 53 — Surah Al-Isra 17:53

ထို့ပြင် (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်၏အစေခံလူသားများအား (အပြောအဆိုဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ ကြားနေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးသော အပြောအဆိုများကိုသာ ပြောဆိုကြရန် ဟောပြောလော့။ ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် လူသားအချင်းချင်းစပ်ကြားတွင် (သွေးထိုးပေး၍) သဘောထားကွဲလွဲစေသော မျိုးစေ့ကိုသာ ချပေးရန် အ သင့် စောင့် နေ၏။ ဧကန်မလွဲ၊ စေတန်မကောင်းဆိုးဝါးသည် လူသားအတွက် အလွန်ထင်ရှားသော ရန်သူပင် ဖြစ်၏။