Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 58 — Surah Al-Isra 17:58
ငါအရှင်မြတ်သည် တမလွန်တရားစီရင်မည့်နေ့မတိုင်မီ ဖျက်ဆီးစေတော်မူမည်မဟုတ်သော သို့တည်းမဟုတ် ပြင်းထန်သည့်ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည်မဟုတ်သော မြို့ရွာဒေသဟူ၍ အလျှင်း မရှိပေ။ ထိုသို့ပင် ဖြစ်စေတော်မူမည့်အကြောင်းကို (အစဉ်ထာဝရတည်တံ့မည့်) ကျမ်းတော်၌ မှတ်တမ်းတင် ရေးသားထားပြီး ဖြစ်၏။