Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 59 — Surah Al-Isra 17:59
(စင်စစ် မယုံကြည်သူတို့က တမန်တော်မြတ်ထံ တမန်တော်ဖြစ်ကြောင်းကို ထောက်ပြစေသည့် အံ့ဖွယ်သက်သေလက္ခဏာတစ်ခုခုအား ယူဆောင်လာရန် တောင်းဆိုနေသော်လည်း) ရှေးခေတ်လူတို့က ထို (သက်သေလက္ခဏာတော်) နှင့်စပ်လျဉ်း၍ မဟုတ်မမှန် လိမ်လည်စွပ်စွဲလျှက် ငြင်းပယ်ခဲ့ကြခြင်းမှအပ မည်သည့်အရာကမျှ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (တမန်တော်များကို) စေလွှတ်တော်မူခြင်းမှ ငါအရှင်မြတ်အား အလျှင်း တားဆီးနိုင်ခဲ့သည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ''ဆမူဒ်'' လူမျိုးတို့အား (ဆွာလဲဟ်က အရှင့်တမန်တော်ဖြစ်ကြောင်းပေါ်လွင်စေတော်မူရန်) ကုလားအုတ်မကို မြင်သာထင်ရှားသော သက်သေလက္ခဏာအဖြစ် ပေးအပ်တော်မူခဲ့ရာ သူတို့သည် အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်ချိုးဖောက်၍ ယင်း (ကုလား အုတ်မ) ကို မတော်မတရား ပြုမူစော်ကားခဲ့ကြ၏။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျှင် လောကီဘဝ၌ ဖျက်ဆီးစေတော်မူခြင်းခံရမည်သာမက နောင်တမလွန်ဘဝ၌လည်း ကြီးလေး သော ပြစ်ဒဏ်ရှိကြောင်းကို သိမြင် နား လည်စေတော်မူရန်) သတိပေးနှိုးဆော်ချက်အဖြစ် ပေးအပ်တော်မူခြင်းမှအပ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (မည်သည့်တမန်တော်ကိုမျှ) စေလွှတ်မူသည် မဟုတ်ပေ။