Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 60 — Surah Al-Isra 17:60

(သတိရလော့။) ငါအရှင်မြတ်က အသင် (တမန်တော်) အား (သတိပေးနှိုးဆော်သည့်နည်းစနစ်အရ) ''ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူ သားတို့ အား (ဉာဏ်တော်အနန္တနှင့်နိယာမတန်ခိုးတော်ဖြင့်) လွှမ်းခြုံဝန်းရံထားတော်မူပြီ” ဟု မိန့်တော်မူခဲ့စဉ် ငါအရှင် မြတ်သည် လူသားတို့အတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်စေတော်မူခြင်းမှအပ အသင့်အား (ကောင်းကင်ယံခရီး စဉ်၌) ပြသတော်မူခဲ့သည်ကို (လူသားတို့) မြင်နိုင်သောအရာအဖြစ် ဖြစ်စေတော်မမူသည့်အပြင် ကျမ်းတော်မြတ်ကုရ် အာန်၌လည်း (အရှင့်အမိန့်တော်အား ဖီဆန်ငြင်းပယ်လျှင် ကရုဏာတော်မှ ဝေးကွာစေ၍) ကျိန်စာ သင့်သည့် သစ်ပင် ဖြစ်စေရုံသာမက သူတို့သည် (သူတို့ဘဝ၌) ကြီးကျယ်သော ပမာမခန့်မှုနှင့်ပုန်ကန်မှုမှအပ အခြားမည် သည့်အရာကိုမျှ တိုးပွားစေနိုင်မည်မဟုတ်ကြောင်း ရှင်းလင်း တင်ပြတော်မူ၏။