Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 68 — Surah Al-Isra 17:68
သင်တို့သည် ထိုအရှင်မြတ်က ကုန်းပေါ်၌လည်း သင်တို့အား မြေမျိုစေတော်မူနိုင်သည်ကိုလည်းကောင်း၊ သင်တို့ အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူနိုင်သည်ကိုလည်းကောင်း၊ (စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။ ထို့နောက်တွင်မူ သင်တို့သည် သင်တို့အတွက် (ယုံကြည်ကိုးစားရန် ယုံကြည်စိတ်ချရသော) မည်သည့် ထိန်းသိမ်းစောင့် ရှောက်သူကိုမျှ (ရှာဖွေ) တွေ့ရှိ ကြမည် မဟုတ်ပေ။