Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 69 — Surah Al-Isra 17:69

သို့တည်းမဟုတ် အရှင်မြတ်သည် သင်တို့အား ပင်လယ်သမုဒ္ဒရာထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် သင်တို့အပေါ်၌ သင်တို့၏ (မယုံကြည်မှု သွေဖည်ငြင်းပယ်မှုနှင့်) ကျေးဇူးကန်းမှု ကြောင့် လေမုန်တိုင်းကို စေလွှတ်တော်မူခြင်းဖြင့် သင်တို့အား နစ်မြုပ်စေတော်မူနိုင်သည်ကို စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။ ထို့နောက်တွင်မူ သင်တို့ သည် သင်တို့အတွက် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မည်သည့် ထိန်းသိမ်းစောင့် ရှောက်မည့်နောက်လိုက်နောက်ပါကိုမျှ (ရှာဖွေ) တွေ့ကြလိမ့်မည် မဟုတ်ပေ။