Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 7 — Surah Al-Isra 17:7
အကယ်၍ သင်တို့သည် အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်း) ကို လုပ်ကြလျှင် ထိုသို့အကောင်းဆုံးဖြစ်အောင်လုပ်ခြင်းသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ အတွက်သာဖြစ်ပြီး အကယ်၍ သင်တို့သည် မကောင်းမှုကို ပြုကျင့်ကြလျင်လည်း ထိုနဖ်စ်အတွက် သာလျှင် ဖြစ်၏။ သိုဖြစ်ပေရာ ဒုတိယကတိတော်ကို ဖြည့်ဆည်းပေးတော်မူချိန် ဆိုက်ရောက်လာသည့်အခါ (သင်တို့၏ ဒုတိယရန်သူအား ပေါ်ထွက်စေတော်မူ၍) သင်တို့၏မျက်နှာများအား အိုးမဲသုတ်စေလျှက် အရှက်တကွဲဖြစ်စေရန် ပထမအကြိမ် (ဂျေရူစလင်ရှိ) ဝတ်ကျောင်းတော်ထဲသို့ ဝင်စေသကဲ့သို့ ဝင်ရောက်ဖျက်ဆီးစေရန်နှင့် (ဒုတိယ အကြိမ်တွင်လည်း ပထမအကြိမ်ကဲ့သို့ပင် ရုပ် ပျက်ဆင်းပျက်ဖြစ်အောင် တိုက်ခိုက်၍) အနိုင်ရသိမ်းပိုက်နိုင်သမျှ ကို အဖျက်ဆီးကြီး ဖျက်ဆီးစေရန် ခွင့်ပြုတော်မူခဲ့၏။