Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 70 — Surah Al-Isra 17:70
ဧကန်ပင်၊ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်ကြသောလူသားအား (ထူးကဲသော ဂုဏ်အရည် အသွေးနှင့်အသွင်အပြင် အမျိုးမျိုးဖြင့်) မြင့်မြတ်စေတော်မူပြီး (အသက်မွေးဝမ်းကျောင်းအတွက်) ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းလမ်းသုံးယာဉ်၊ လေယာဉ်ပျံ၊ စသောအစီးအနင်းတို့သုံး၍) လည်းကောင်း၊ ပင်လယ် သမုဒ္ဒရာ၌ (သင်္ဘော၊ လှေ၊ သမ္ဗန် စသောရေယာဉ်များကို သုံး၍) လည်းကောင်း၊ သွားလာလှုပ်ရှားနိုင်ရန် သယ်ယူပို့ဆောင်စေတော်မူသည့်အပြင် စင်ကြယ်ကောင်းမွန်သော စားသုံးဖွယ်ရာများအနက်မှ စားနပ်ရိက္ခာနှင့် လိုအပ်ချက်များကို ချီးမြှင့်ပေးအပ်တော်မူသည်သာမက ငါအရှင်မြတ်သည်ပင် (သင်တို့အကျိုးကို ဦးစားပေးရန် အလို့ငှာ သက်ရှိသက်မဲ့) အရာများစွာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ သင်တို့အား ယင်းတို့ထက် ဂုဏ်သိက္ခာ အရလည်း ထူးကဲမြင့်မြတ်စေတော်မူခ၏။