Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 71 — Surah Al-Isra 17:71

ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင်မြတ်သည် လူ့အဖွဲ့အစည်းအသိုင်းအဝိုင်း အားလုံးကို သူတို့၏ခေါင်းဆောင်အကြီးအကဲများနှင့်အတူ ဆင့်ခေါ်တော်မူမည်ဖြစ်ရာ (လောကီဘဝ၌ ဖြောင့်မတ်မှန် ကန်သော ခေါင်းဆောင်နောက်လိုက်၍ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ပြုမူကျင့်ကြံခဲ့သူ) မည်သူမဆိုသည် သူ့လုပ်ရပ်ဆိုင်ရာ မှတ်တမ်းစာအုပ်ကို သူ့ညာလက်ထဲသို့ ပေးအပ်ခြင်းခံရပြီး ထို (သို့ပေးအပ်ခြင်းခံကြရသော) သူတို့သည် သူတို့၏မှတ်တမ်းစာအုပ်များကို (ကျေနပ်အားရဖြစ်လျက်) ဖတ်ကြလိမ့်မည်သာမက မည်သူ တစ်ဦးတစ် ယောက်မျှ စွန်ပလွံစေ့၌ရှိသော အမည်းစက်လေးခန့်မျှ (စိုးစဉ်းမျှ) ပင် မ တော်မတရား စီရင်ခြင်းခံရမည် မဟုတ်ပေ။