Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 80 — Surah Al-Isra 17:80

ထို့ပြင် အသင်သည် ''အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးအား (အစ္စလာမ်ဘောင်ထဲသို့ ယုံကြည်မှု စိတ်ရင်းစေတနာဖြူစင်မှုအပြည့်နှင့်) ပကတိဖြောင့်မတ်မှန်ကန်စွာ ဝင်ရောက်စေခြင်းမျိုးဖြင့် ဝင်ရောက်ခွင့် ပေးသနားတော်မူပါ။ ဤလောကီဘဝမှ တမလွန် ဘဝသို့ ကူးပြောင်းချိန်တွင်လည်း ယုံကြည်မှု စိတ်ရင်းစေတနာဖြူစင်မှု အပြည့်နှင့်) ပကတိဖြောင့် မတ်မှန်ကန် စွာ ထွက်ခွါစေခြင်းမျိုးဖြင့် ကျွန်ုပ်အား ထွက်သွားခွင့် ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အသင်အ ရှင်မြတ်၏ထံတော်မှ ရေရှည်တည်တံ့မည့် ကူညီစောင်မမှုမျိုးဖြင့် (လူသားအားလုံးကို ကူညီနိုင်ရန်) ဩဇာ အာဏာ ချီးမြှင့်ပေးသနားတော်မူပါ။'' ဟု ဆုပန်လျှောက်ထားလော့။