Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 83 — Surah Al-Isra 17:83

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအပေါ် (အရှင့်ကျေးဇူးတော်များဖြစ်သောလမ်းညွှန်၊ သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်နှင့်ရိက္ခာအသုံးအဆောင်များ ပေးအပ်တော်မူ၍ ရောင့်ရဲမှုနှင့်ကိုယ်စိတ်နှစ်ဖြာချမ်း သာမှုဖြင့်) ဂုဏ်သိက္ခာချီးမြှင့်တော်မူသောအခါ သူသည် (စိတ်ကြီးဝင်၍ မာန်မာနထောင်လွှားလျက် အရှင်မြတ်နှင့်ပတ်သက်သောအတွေး ကင်းမဲ့ကာ အမှန်တရားကို) ကျောခိုင်းပြီး သူ့ဘက် (သူ့ကမ္ဘာ၌သာ နစ်မြုပ်နေခြင်း) ဖြင့် (အရှင့်ကရုဏာတော်မှ) အလှမ်းဝေးကွာသွားလေ၏။ သို့ရာတွင် ဘေးဒုက္ခအခက်အခဲသည် သူ့အား ထိခိုက်စေသည့်အခါ သူသည် အစဉ် မျှော်လင့်ချက်ကင်းလေ့ရှိ၏။