Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 86 — Surah Al-Isra 17:86
(စင်စစ် တမန်တော်မုဟမ္မဒ်သည် မယုံကြည်သူများက စွပ်စွဲသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ရေးသားသူ အလျှင်း မဟုတ်ပေ။ ယင်းကို အရှင်မြတ်သည်ပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းဖြစ်၏။) အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူလျှင် အသင့်ထံသို့ ငါအရှင် မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော်မြတ်အား သင်တို့၏ နှလုံးသားများ၌ မှေးမှိန်စေခြင်းဖြင့်လည်းကောင်း၊ မှတ်ဉာဏ်နှင့်မှတ်တမ်းမှတ်ရာများမှ ဖယ်ရှားတော်မူ၍လည်းကောင်း ယင်း) ကို အမှန်ပင် ပြန်လည်ရုပ်သိမ်းတော်မူနိုင်၏၊ ထို့နောက် သင်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ (ယင်းကို ပကတိအတိုင်း ပြန်လည်ရရှိလိုသောဆန္ဒဖြင့်) ငါအရှင်မြတ်နှင့်ဆန့်ကျင်ကာ ကာကွယ်စောင့်ရှောက် ပေးနိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာ) တွေ့နိုင်မည် မဟုတ်ပေ။