Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 93 — Surah Al-Isra 17:93

သို့တည်းမဟုတ် အသင်၌ ရွှေငွေအဆင်တန်ဆာများဖြင့် ဆောက်ထားသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့ တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့သည် (မိုးကောင်း ကင်မှ) ကျွန်ုပ်တို့ရွတ်ဖတ်သရဇ္ဈာယ်နိုင်သော ကျမ်းတစ်စောင်ကို အသင်က ကျွန်ုပ်တို့အတွက် ယူချလာခြင်း မပြုသမျှကာလပတ်လုံး (မိုးကောင်းကင်သို့) တက်သွားခြင်းကိုလည်း အလျှင်း ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ (အို၊ ရစူလ်တမန်တော်၊ သူတို့ကို) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော် အားလုံးကိုပိုင် ဆိုင် တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏၊ ကျွန်ုပ်သည် သေမျိုးဖြစ်သော လူသားသတင်းဆောင် ရစူလ်တမန်တော်တစ်ပါးမှအပ အခြား မဟုတ်ပြီ။” ဟု ဟောပြောလော့။